back

မန္တလေးငလျင်ဘေးအလွန် စီးပွားရေးပြန်လည်ထူထောင်ဦးမော့ရေးကြိုးပမ်း

May 18 • 3:44 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးငလျင်ဘေးအလွန် စီးပွားရေးပြန်လည်ထူထောင်ဦးမော့ရေးကြိုးပမ်း

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြားပျက်စီးဆုံးရှုံးခ...

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ဒေသများရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အမြောက်အမြားပျက်စီးဆုံးရှုံးခဲ့ရခြင်းနှင့်အတူ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ပြီး နောက်ဆက်တွဲစီးပွားရေးအခင်းအကျင်းများအတွက် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာကြုံတွေ့လာနိုင်မှုများကို ဝိုင်းဝန်းဖြေရှင်းကြရမည်ဖြစ်သည်။နိုင်ငံပိုင်ကဏ္ဍအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်အစားထိုးတည်ဆောက်မှုများကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးတည်ဆောက်လျက်ရှိသဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် မူလအခြေအနေသို့ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်သည်။ သို့သော် ဆုံးရှုံးခဲ့ရမှုများအတွက် ပြန်လည်အစားထိုးနိုင်ရန် မူလကထက်အရှိန်အဟုန်ပြင်းပြင်း ကြိုးပမ်းဆောင်ရွက်မှသာ ရည်မှန်းထားသည့်အတိုင်းဖြစ်လာနိုင်မည်။ ပုဂ္ဂလိကကဏ္ဍတွင်မူ ကိုယ်ထူမှကိုယ်ထရမည်ဖြစ်၍ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင်စေရန် အချိန်များစွာယူကာ ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ကြရဦးမည်ဖြစ်သည်။

news-view-count-icon

17