မန္တလေးတိုင်း၊ မြစ်သားအနီးတွင် ယမန်နေ့ည 10:24 နာရီခန့်အချိန်တွင် Magnitude 5.2ရှိမြေငလျင်တစ်ရပ် ဖြစ်ပွားခဲ့သည်။ မြေအောက်အနက် ၆ မိုင်အနက်မှ လှုပ်ရှားခဲ့ပြီး၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကလော၊ ရမည်းသင်း၊ မိတ္ထီလာ စသည့်မြို့များတွင် သိသိသာသာ ခံစားရကြောင်း သိရှိရသည်။



