back

စစ်ကိုင်းမှာ ယာယီတဲထိုးဖို့တောင် ထန်းရွက်တွေ တစ်ရွက် တစ်ထောင်ကျပ်ဖြစ်နေလို့ ငလျင်ဒဏ်သင့်ပြည်သူတွေ အခက်တွေ့နေရ

May 17 • 5:08 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမှာ ယာယီတဲထိုးဖို့တောင် ထန်းရွက်တွေ တစ်ရွက် တစ်ထောင်ကျပ်ဖြစ်နေလို့ ငလျင်ဒဏ်သင့်ပြည်သူတွေ အခက်တွေ့နေရ

စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရလို့ ပြန်လည်ရှင်းလင်းနေချိန်မှာ မိုးဦးစ ရာသီဖြစ်တာကြောင့် ယာယီအဆောက်အဦတွေ ပြန်တည်ဆောက်ကြရာမှာ လေဒဏ်မိ...

စစ်ကိုင်းတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရလို့ ပြန်လည်ရှင်းလင်းနေချိန်မှာ မိုးဦးစ ရာသီဖြစ်တာကြောင့် ယာယီအဆောက်အဦတွေ ပြန်တည်ဆောက်ကြရာမှာ လေဒဏ်မိုးဒဏ်ခံနိုင်စေရေး အမိုးအကာအတွက် မိုးကာ ၊ သက်ကယ်စတဲ့အရာတွေ အသုံးပြုကြပေမဲ့ ထန်းရွက်ကို အသုံးပြုမှု ပိုမိုများလာတာကြောင့် ထန်းရွက်စျေးနှုန်း မြင့်တက်လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ငလျင်မလှုပ်ခင်က ထန်းရွက်တစ်ချပ်ရဲ့ အရွက်လှပုံ မလှပုံကိုမူတည်ပြီး ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ ကြားသာရှိရာက လက်ရှိမှာတော့ ထန်းရွက်တစ်ချပ်ကို ကျပ် ၁၀၀၀ အထိ ဈေးမြင့်တက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။


news-view-count-icon

26