back

မော်လမြိုင်မြို့နေအိမ်အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိ

May 17 • 5:02 PM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်မြို့နေအိမ်အတွင်းမှ မူးယစ်ဆေးများ ဖမ်းမိ

မေလ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ သမာဓိလမ်းသွယ်၊ အကွက်အမှတ်-၅၈(အေ)တွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် စောသိန်...

မေလ ၁၇ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ သမာဓိလမ်းသွယ်၊ အကွက်အမှတ်-၅၈(အေ)တွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် စောသိန်းနိုင်(ခ)သိန်းနိုင်(ခ)အရား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။ထို့သို့ စစ်ဆေးရာတွင် WY စိတ်ကြွဆေးပြား ထုတ်လုပ်ရာ၌ အသုံးပြုသည့် "R" တံဆိပ်ပါ မိုပုံစံခွက် ၃၀ စုံ၊ WY တံဆိပ်ပါ မိုပုံစံခွက် ၄၀ စုံ၊ စိတ်ကြွဆေးပြား ထုတ်ပိုးသည့် အပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသော တစ်အိတ်လျှင် ၂၅ ကီလိုပါ ဆာလာအိတ် ၂၀ လုံးအား ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။


news-view-count-icon

39