လာမယ့် ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေမှ စပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းတာဖြင့် အထောက်ထားမဲ့နိုင်ငံခြားသားများအနေနဲ့ မိမိဆန္ဒအလျှောက် အပြစ်ဒဏ်ကျခံစရာမလိုဘဲ မိမိနိုင်ငံအသီးသီးကို ပြန်နိုင်ဖို့အတွက် နေရပ်ပြန်လည်ပို့ဆောင်ခြင်းကို စတင်မည်ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ငွေအဖြစ် မလေးရှားကို အထောက်ထားမဲ့ဝင်ရောက်မှု (သို့) နေထိုင်မှုအတွက် မလေးငွေ RM500၊ ရက်လွန်နေထိုင်မှုအတွက် RM 500 နဲ့ နယ်မြေဖြတ်ကျော်ခြင်းစည်းမျဥ်းချိုးဖောက်မှုအတွက် RM300 စတဲ့ ဒဏ်ငွေတွေကိုဘဲပေးဆောင်ရမှာဖြစ်ပါသည်။



