back

အင်ဒိုနီးရှားသည် ခရီးသွားလုပ်ငန်းအတွက် ဂျကာတာမြို့၏ ကမ်းရိုးတန်းမြောက်ဘက်ရှိကျွန်းတကျွန်းကို ကြောင်များအတွက် အထူးသီးသန့် ကြောင်ကျွန်း Cat Island အဖြစ် ထားရှိရန် စီစဉ်

May 17 • 10:43 AM

cover

အင်ဒိုနီးရှားသည် ခရီးသွားလုပ်ငန်းအတွက် ဂျကာတာမြို့၏ ကမ်းရိုးတန်းမြောက်ဘက်ရှိကျွန်းတကျွန်းကို ကြောင်များအတွက် အထူးသီးသန့် ကြောင်ကျွန်း Cat Island အဖြစ် ထားရှိရန် စီစဉ်

အင်ဒိုနီးရှားသည် ခရီးသွားလုပ်ငန်းအတွက် ဂျကာတာမြို့၏ ကမ်းရိုးတန်းမြောက်ဘက်ရှိ ကျွန်း‌ပေါင်းတထောင် Thousand Islands ထဲမှ ကျွန်းတကျွန်းကို ကြောင်များအတွက် အထူးသီးသ...

အင်ဒိုနီးရှားသည် ခရီးသွားလုပ်ငန်းအတွက် ဂျကာတာမြို့၏ ကမ်းရိုးတန်းမြောက်ဘက်ရှိ ကျွန်း‌ပေါင်းတထောင် Thousand Islands ထဲမှ ကျွန်းတကျွန်းကို ကြောင်များအတွက် အထူးသီးသန့် ကြောင်ကျွန်း Cat Island အဖြစ် ထားရှိရန် စီစဉ်နေသည်။ဂျပန်နိုင်ငံ၏ ကြောင်ကျွန်း စိတ်ကူးဖြင့် ဂျကာတာ အုပ်ချုပ်ရေးမှူး Pramono Anung Wibowo က ၎င်းကျွန်းသည် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး သခင်မဲ့ ကြောင်လေကြောင်လွင့်များအတွက် ဘဝဖူလုံရေး ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း မတ်လတွင် ပြောကြားခဲ့သည်။ကြောင်ကျွန်းသည် ဂျကာတာ နေရာအနှံ့ တွေ့ရသည့် ကြောင်လေကြောင်လွင့်များအတွက် ခိုလှုံရာ ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။ယခုအခါ အာဏာပိုင်တို့သည် ကျွန်းပေါင်းတထောင် ကျွန်းစုမှ မည်သည့်ကျွန်းသည် ကြောင်ကျွန်းအဖြစ် အသုံးပြုရန် ဆီလျော်မည် ဆိုသည်ကို စူးစမ်းလေ့လာနေသည်။

news-view-count-icon

10