back

အခြေအနေအရပ်ရပ်ကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများနှင့်ဝန်ထမ်းများအပြင် လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအား ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများထောက်ပံ့

May 17 • 10:11 AM

cover

အခြေအနေအရပ်ရပ်ကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများနှင့်ဝန်ထမ်းများအပြင် လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအား ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများထောက်ပံ့

အခြေအနေအရပ်ရပ်ကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများနှင့် ဝန်ထမ်းများအပြင် လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ...

အခြေအနေအရပ်ရပ်ကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများနှင့် ဝန်ထမ်းများအပြင် လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများကို မေလ ၁၆ ရက်၊ မနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ပြည်နယ် ပညာရေးမှူးရုံးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ဝန်ထမ်းများအတွက်ပေးအပ်သည့် နှစ်လစာချီးမြှင့်ငွေများနှင့် နမ့်ဘော်ဝမ်(ခ)နှင့် မိုင်းလုံးရပ်ကွက်နေ ပြည်သူများအတွက် ဆန်၊ ဆီများကို ပေးအပ်ခဲ့သည်။

news-view-count-icon

28