ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ယမန်နေ့ညပိုင်းက မူးရူးရမ်းကားနေသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးကို လူဝတ်လဲ၍ ရဲလက်အပ်လိုက်ရကြောင်း ဦးတေဇသိရီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။ ဗူး-သောက်ပြီးသား Beer ဗူးခွံတွေနဲ့ အတူ မူးရူးနေသော အုတ်တွင်း မြို့နယ် သာဂရ(တောင်)ကျောင်းမှ ကျောင်းထိုင်ရဟန်းအား လူဝတ်လဲစေ၍ သက်သေခံ အရက်/Beer ဗူးများနှင့် ကိုင်းခုတ်ဓါးအပါအဝင် ရဲတပ်ဖွဲ့လက်သို့အပ်နှံကာ ကျောင်းတိုက်ကို သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယက အဖွဲ့ ထံ အပ်နှံပေးခဲ့ပါပြီ”ဟု ဦးတေဇသိရီ၏ လူမှုကွန်ရက်တွင် မေလ ၁၆ ရက်ညပိုင်းက ရေးသားထားသည်။ 
May 17 • 10:09 AM
မျှဝေမည်
| 7 | 0 | 0 | 0 |


