၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနက် အေဂျင် စီ(၂၈)မှာအား အခွန်ပေးဆောင်ခြင်းမရှိပါက Black List (အမည်မည်းစာရင်း)သွင်းမည်ဟု အလုပ်သမားဝန်ကြီးဌာနက အသိပေးခဲ့သည်။၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ နိုင်ငံအလိုက်အလုပ်သမားစေလွှတ်ခဲ့မှုအပေါ် သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူပြီး ပြန်လည်တင်ပြရန် ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်၊ အခွန် စည်းကြပ်မှုခံယူရမည့် အေဂျင်စီများအနက် အခွန်ပေးဆောင်ခြင်းမရှိသေးသည့် အေဂျင်စီများကို ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်နေ့တို့တွင်နောက်ဆုံးထား၍ အခွန်စည်းကြပ်မှုခံယူရန် အလုပ်သမားဝန်ကြီးဌာနမှ မေ ၉ ရက်က သက်ဆိုင်ရာအေဂျင်စီများထံ အကြောင်းကြားခဲ့သည်။
May 17 • 10:02 AM
မျှဝေမည်
| 11 | 0 | 0 | 0 |

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်
မြန်မာပြည်အထက်ပိုင်းနဲ့ ငလျင်ဒဏ်ထိဒေသတွေ မိုးများနိုင်လို့ မြေကျွံတာ၊ အက်ကွဲကြောင်းကြီးတွေ ပေါ်လာတာနဲ့ အဆောက်အဦပြိုကျပျက်စီးမှုတွေ သတိပြုနိုင်ဖို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူက အသိပေး

