back

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

May 17 • 9:44 AM

cover

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆ င့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျ င်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆ င့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျ င်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ (၆)မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင် များအနေဖြင့် မိမိတို့၏ အဆောက်အအုံအား ပြန်လည်ပြ င်ဆင်လိုသည်များနှင့် ပတ်သက်၍ PE. RSE လိုင်စင်ရ အင် ဂျင်နီယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Met hod State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

news-view-count-icon

1