back

ပြည်တွင်း၌ သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခု Black List စာရင်းသွင်းခံရမည်

May 17 • 7:14 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ သတ်မှတ်ရက်အတွင်း အခွန်မဆောင်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၈ ခု Black List စာရင်းသွင်းခံရမည်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၈ ခုကို သတ်မှတ်ရက်အတွင်း အခွန်ပေးဆောင်ခြင်းမရှိရင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်...

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၈ ခုကို သတ်မှတ်ရက်အတွင်း အခွန်ပေးဆောင်ခြင်းမရှိရင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ပယ်ဖျက်ပြီး အမည်မည်း(Black List)စာရင်း ရေးသွင်းမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးလာပါတယ်။အဆိုပါ လိုင်စင်ရအေဂျင်စီ ၂၈ ခုအနေနဲ့ မေလ ၃၁ ရက်နေ့မတိုင်မီ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွေမှာ အခွန်စည်းကြပ်မှုခံယူပြီး အချိန်မီတင်ပြကြဖို့ အသိပေးကြေညာချက်မှာ ဖော်ပြထားကာအခွန်စည်းကြပ်မှုခံယူရမယ့် အေဂျင်စီတွေအနက် အခွန်ပေးဆောင်ခြင်းမရှိသေးတဲ့ အေဂျင်စီတွေကို ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အခွန်စည်းကြပ်မှုခံယူဖို့ မေလ ၉ ရက်နေ့မှာ သက်ဆိုင်ရာအေဂျင်စီတွေထံ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ရရှိတဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ၁ လချင်းဖြစ်စေ၊ ၃ လ တစ်ကြိမ်ဖြစ်စေ တရားဝင်ဘဏ်စနစ်ကတဆင့် လွှဲပို့နိုင်ပြီး မလိုက်နာပါက နောက်တစ်ကြိမ် ပြည်ပထွက်ခွင့် သုံးနှစ် ပိတ်ပင်ခံရမည်ဖြစ်ရာတာဝန်ယူစေလွှတ်တဲ့ အေဂျင်စီတွေကိုလည်း ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး မိသားစုလွှဲပို့ငွေ အထောက်အထားတွေကို အချိန်မီပေးပို့လာခြင်းမရှိရင် အလုပ်ခေါ်အသစ်တင်ပြခွင့် ဆိုင်းငံ့သွားမှာဖြစ်ပြီး ဒဏ်ကြေးပါ ပေးဆောင်ရမယ်လို့ သိရပါတယ်။


news-view-count-icon

21