back

ပြည်တွင်းပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကိုမိုးဇလမှထုတ်ပြန်

May 17 • 5:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်ကိုမိုးဇလမှထုတ်ပြန်

၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချု...

၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ အချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းမည်ဖြစ်ကာအမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ တောင် (သို့) အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်ခန့်ဖြစ်ကာလှိုင်းအ‌ခြေအနေမှာလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်မှာ၇ ပေမှ ၉ ပေခန့်ဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-နေရာအနှံ့အပြား မိုးထစ်ချုန်းပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီးအမြင့်တာအားဖြင့် ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်ဖြစ်ကာရေပြင်လေဟာတောင် (သို့)အရှေ့တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်ဖြစ်ကာလှိုင်းအ‌ခြေအနေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်းအမြင့်ဟာ ၇ ပေမှ ၉ ပေခန့်ဖြစ်ပါတယ်။


news-view-count-icon

21