ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေလ ၁၄ ရက်အတွင်း COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၇၁,၀၆၇ ဦးနဲ့ သေဆုံးသူ ၁၉ ဦးရှိတယ်လို့ ထိုင်းအစိုးရရဲ့ COVID-19 အချက်အလက်စင်တာမှ သိရပါတယ်။ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ ဆက်လက်မြင့်တက်နေပြီး သိသာထင်ရှားသော အစုအပြုံလိုက်ဖြစ်ပွားမှုနှစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သလို သင်္ကြန်ပွဲတော်အားလပ်ရက် (ရက်သတ္တပတ် ၁၆ ရက်) အပြီးမှာ အရေအတွက်တွေ တဖြည်းဖြည်း တိုးလာတာဖြစ်ကာဆေးသိပ္ပံဌာနမှ အချက်အလက်များအရ ထိုင်းနိုင်ငံတွင် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလများအတွင်း Omicron XEC မျိုးကွဲတွေ တိုးပွားလာနေတာကို တွေ့ရပြီး အာဏာပိုင်များက ပြည်သူများအား သတိရှိရန်၊ ရောဂါလက္ခဏာများကို စောင့်ကြည့်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်နှင့် လူစုလူဝေးနေရာများတွင် နှာခေါင်းစည်းများ ဝတ်ဆင်ရန် အာဏာပိုင်များက တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံမှာလည်း မိုးရာသီကာလဖြစ်ပွားနိုင်တဲ့ ရာသီတုတ်ကွေး၊ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုတ်ကွေးအပြင် ကိုဗစ်ကူးစက်မှုတွေကိုလည်း အထူးသတိထားဖို့လိုအပ်တယ်လို့ ဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်အရသိရပါတယ်။



