ပြည်တွင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ (၆)မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင် များအနေဖြင့် မိမိတို့၏ အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့် ပတ်သက်၍ PE. RSE လိုင်စင်ရ အင် ဂျင်နီယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Met hod State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထားရမှာလည်းဖြစ်ပါတယ်။



