၂၀၂၅ခုနှစ်၊မေလ၊(၁၆)ရက်မြန်မာဘောလုံးအသင်းဟာဇွန်လမှစပြီး ၂၀၂၆ခုနှစ်အာရှဖလားခြေစစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။မြန်မာယူ-၁၉ အမျိုးသမီးအသင်းဟာ ဇွန်လမှာ အာဆီယံယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ ြ-သဂုတ်လမှာ အာရှဖလားယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုး သမီးအသင်းဟာ သြဂုတ်လမှာ အာဆီယံယူ-၁၆ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ အောက်တိုဘာလမှာ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲတွေကိုယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။မြန်မာယူ-၁၉ အမျိုးသားအသင်းဟာ၂၀၂၆ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲနဲ့ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ၊ မြန်မာယူ-၁၆ အမျိုးသား အသင်းဟာ နိုဝင်ဘာလမှာ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ နိုင်ငံတကာပွဲတွေပြိုင်ကြမယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသမီးအသင်း၊ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားအသင်း တို့ကို အားပေးစကား ပြောကြားပြီး ယှဉ်ပြိုင်ရမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းတွေအတွက် ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်မည်ဖြစ်တယ်လို့ ပြောကြားထား ပါတယ်။



