မန္တလေးမှာရောက်ရှိနေတဲ့ ဗန်းမော်စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်မှာ စားနပ်ရိက္ခာ အပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ မြေပြင်ကူညီရေးလုပ်ဆောင်ပေးနေသူတွေဆီကသိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာစဥ် ပစ္စည်းတွေသယ်ယူနိုင်ခြင်းမရှိဘဲ စစ်ရှောင်လာကြရတဲ့အတွက် အစားအစာ၊ အဝတ်အထည်၊ တကိုယ်ရေသုံးပစ္စည်း ၊ ဆေးဝါး စတဲ့အကူအညီတွေကို လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။



