နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်အစရှိသည့် စားသောက်ကုန်များအား ဈေးနှုန်း သက်သာပြီး လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရန်အတွက် (၁၅- ၅ -၂၀၂၅)ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် အမျိုးသား စာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမော်ကွန်းတိုက်နှင့် ရုံးအမှတ်(၁၈) ပြည်ထောင်စု အစိုးရအဖွဲ့ရုံးများသို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။



