ယခုနှစ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ 9𝒕𝒉 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 (𝐌𝐲𝐚𝐧𝐦𝐚𝐫)ကို မေလ ၂၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းပညာရေးပြပွဲကို မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် (၉)ကြိမ်မြောက်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။



