စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်းရှိ နံကပ်တစ်ထပ်ဂိုထောင်မှ ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလေ-ာင်မှု မေလ (၁၂) ရက် ညနေ (၄)နာရီခွဲက ဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
| 7 | 0 | 0 | 0 |


