မေလ၁၆ရက်နေ့မနက် ၄ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ဗထူးလမ်းမကြီးပေါ်က နေရာနှစ်ခုမှာအမျိုး သားနှစ်ဦး ကားတိုက်ခံရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတွေဆီက သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိချိန်မှာ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) က သယ်ဆောင်ပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



