ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေ သော Tianjin Fashion Milestone Garment မှာ အလုပ်သမား ၄၀၀ ကျော် လုပ်ငန်းခွင်ရပ်နားပြီးဒေးကြေးတိုးပေးဖို့ ဆန္ဒပြတောင်းဆိုနေ တယ်လို့ သိရပါတယ်။ခေတ်ကာလနှင့်လျော်ညီတဲ့ ဒေးကြေး သတ်မှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒေးကြေးအလိုက် အချိန်ပိုကြေးတိုးပေးဖို့ တောင်းဆိုနေတာပါ။



