MNL League Cup 2025 အုပ်စု (B) ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို ပွဲစဉ်၏ AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းက ရရှိခဲ့သည်။AYA Pay အကောင်းဆုံးဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် နှစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်ကို ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှကျော်ဝင်းက ချီးမြှင့်ပေးခဲ့သည်။



