ထိုင်းနိုင်ငံကန်ချနပူရီခရိုင်အတွင်း မတ်လ ၁၄ ရက်နေ့က အလုံပိတ်ထရပ်ကားဖြင့် ချောင်းချင်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ ဖြင့် နယ်စပ်ဖြတ်ကျော်လာရန် စီစဉ်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုင်ခုံတွင်ပါသော ခရီးသည်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူအားလုံးကို ထောင်ဖာဖွန်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု ဆိုထားသည်။



