ပြည်တွင်း၌ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ အနေနဲ့ မုတ်သုံရာသီ ၊ ရာသီဥတု ခိုလှုံရာ နေရာတွေမှာ ငါးဖမ်းဆီးတာမျိုးစစ်ဆေးတွေ့ရှိတယ်ဆို ထိရောက်စွာ အရေးယူသွားမယ်လို့ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန် ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။ရာသီဥတု ခိုလှုံရာ နေရာ တွေ အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့က မင်းဂံချောင်း အတွင်း ၊ ပေါက်တော မြို့နယ် ၊ဖရုံဂါကျွန်း ၊ ကျောက်ဖြူမြို့နယ် ၊ ငလပွေ့ချောင်း ၊ သံတွဲမြို့ နယ် ၊ ဆင်ခေါင်း ဆိပ်ကမ်း ၊ သဗြုချိုင် ၊တောင်ကုတ် မြို့ နယ် ၊ သင်္ဘော ဆိပ် ၊ ဂွ မြို့ နယ် ၊တင်းတောကျေးရွာအုပ်စု ၊ အမော်ချိုင် ၊ ဧရာဝတီတိုင်းဒေသ ကြီး အတွင်းက ငပုတောမြို့နယ် ၊ဟိုင်းကြီးကျွန်း ၊ ပြင်ခရိုင်၊ချောင်းဝကျေးရွာ ၊ဘိုကလေးမြို့နယ်၊ကဒုံကနိကျေးရွာ ၊မွန်ပြည်နယ် ၊ ရေး မြို့ နယ် ၊ဝါးကျွန်း ၊ တနင်္သာရီ တိုင်းဒေသကြီး ၊လောင်းလုံမြို့နယ် ၊မောင်းမကန် ဘုတ်ကျွန်း၊လောင်းလုံဘုတ်ကျွန်း ၊ မြိတ်မြို့ နယ် ၊တနင်္သာရီ ကျွန်း၊ကျွန်းစုမြို့နယ် ၊ပြင်စဘုကျွန်း စတဲ့နေရာဒေသတွေ မှာ လတ္တီတွဒ် ၊ လောင်ဂျီတွဒ် တွေအလိုက် တည်နေရာတွေ သတ်မှတ်ပေးထားကာရာသီဥတုဆိုးရွားချိန် အတွင်း ငါးဖမ်းရေယာဉ် တွေ နဲ့ ၊ ရေ လုပ် သား တွေ အန္တရာယ် ကင်း လုံ ခြုံ ဖို့ အတွက် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ် တွေ နဲ့ ကမ်းနီး ငါးဖမ်းရေယာဉ် တွေ ကို ရာသီဥတုခိုလှုံရာ နေရာ တွေ သတ်မှတ်ပေးထားတာဖြစ်တယ်လို့သိရှိရပါတယ်။
May 16 • 7:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


