back

ရှမ်းယူ-၂၁အသင်းခေါင်းဆောင်ထက်မြက်လွင်ကို Yangon Royals အသင်းမှသုံးနှစ်စာချုပ်နဲ့ခေါ်ယူ

May 16 • 5:49 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရှမ်းယူ-၂၁အသင်းခေါင်းဆောင်ထက်မြက်လွင်ကို Yangon Royals အသင်းမှသုံးနှစ်စာချုပ်နဲ့ခေါ်ယူ

မြန်မာနေရှင်နယ်လိဂ်-၂ကို အပျော်တမ်းလိဂ်ချန်ပီယံဖြစ်ပြီး တန်းတက်လာတဲ့ Yangon Royals FC အသင်းဟာ ရှမ်းယူနိုက်တက် ယူ-၂၁အသင်းခေါင်းဆောင် ထက်မြက်လွင်ကို သုံးနှစ်စာချု...

မြန်မာနေရှင်နယ်လိဂ်-၂ကို အပျော်တမ်းလိဂ်ချန်ပီယံဖြစ်ပြီး တန်းတက်လာတဲ့ Yangon Royals FC အသင်းဟာ ရှမ်းယူနိုက်တက် ယူ-၂၁အသင်းခေါင်းဆောင် ထက်မြက်လွင်ကို သုံးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ကစားသမားထက်မြက်လွင်ဟာ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၉လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရဖူးပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ISPE အသင်းနဲ့ Glory Goal အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ Glory Goal အသင်းက ထွက်ခွာပြီးနောက်မှာတော့ ရှမ်းယူနိုက်တက်ယူ-၂၁အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိ ယူ-၂၁လိဂ်မှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားနေသူလည်းဖြစ်ပါတယ်။


news-view-count-icon

17