၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းတွေအတွက် စာမေးပွဲအောင်စာရင်းတွေကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ မေ ၁၅ ရက်က သက်ဆိုင်ရာကျောင်းတွေအလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းတွေကတော့သူငယ်တန်း(KG)ကနေ Grade-11 အထိ အတန်းစဉ်အလိုက် အောင် စာရင်း ရလဒ်တွေကို သက်ဆိုင်ရာ ကျောင်းတွေအလိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီးအောင်စာရင်းတွေထဲမှာ Grade-5 အောင်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးနဲ့ Grade-9 အောင်စာရင်းတွေကို ခရိုင်ပညာရေးမှူးရုံးက ထုတ်ပြန်ပေးရတာဖြစ်ပြီး အောင်စာရင်းတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မနက် ၆ နာရီကစပြီး ကျောင်းသား၊ကျောင်းသူတွေ စနစ်တကျ ကြည့်ရှုနိုင်ဖို့အတွက် ဆောင်ရွက်ပေးခဲ့ဖြစ်ကာစာမေးပွဲမှာ အောင်မြင်တဲ့ ကျောင်းသား၊ကျောင်းသူတွေ ကျောင်းနေအရွယ်ကလေးတွေအတွက် (၂၀၂၅-၂၀၂၆ ) ပညာသင်နှစ်အဖြစ် အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ(၂၂)ရက်ကနေ ဇွန်(၁)ရက်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ပုံနှိပ်စာအုပ်၊ကျောင်းသုံး ဗလာစာအုပ်နဲ့ စာရေးကိရိယာတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
May 16 • 5:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


