အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အရှေ့အလယ်ပိုင်းရှိ ရေနံပေါကြွယ်ဝ သည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဆော်ဒီနှင့် ယူအေအီးနိုင်ငံတို့အပေါ် ထားရှိခဲ့သည့် AI နည်းပညာမူဝါဒကို ပြောင်းလဲခဲ့ သည်ဟု CNA မှ ဖော်ပြခဲ့သည်။ ထို့ကြောင့် ဆော်ဒီနှင့် ယူအေအီးတို့သည် Nvidia နှင့် Advanced Micro Devices ကုမ္ပဏီတို့က ထုတ်လုပ်သည့် နောက်ဆုံးပေါ် ချစ်ပ်ပြားများကို ဝယ်ယူခွင့် ရရှိတော့မည်ဖြစ်သည်။



