ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသားသင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ အသုံးပြုလျက်ရှိသော လေယာဉ်များအကြောင်းကို လေ့လာကာရေကြောင်းလူငယ်သင်တန်းသား သင်တန်းသူများသည် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်ရှိ Y 8 လေယာဉ် ၊ F-7 လေယာဉ်၊ Beech-craft 1900D လေယာဉ်နှင့် ATR 72 လေယာဉ်များ ကိုေလ့လာ၍နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ၊ အုပ်ချုပ်သူ ၉၀၁ ဦး တို့သည် စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြီးမြောက်၍ ယနေ့တွင် နေပြည်တော် လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပါတယ်။



