ရပ်ကွက်ဈေးများတွင် ငါးပုဏ္ဏား၊ ငါးသလောက်၊ ငါးမြွေထိုး၊ ကကတစ်၊ ငါးကြင်းဖြူ၊ ငါးဖယ်ခြစ် စသည့် ငါးများတွင် ဈေးမြင့်တက်မှုတွေ့ရသည်။ ငါးပုဏ္ဏားတစ်ဆယ်သား ၄,၅၀၀ ကျပ်အထိ၊ ရေချိုပုစွန်တုပ်တစ်ဆယ်သား ၅,၅၀၀ ကျပ်အထိ ရှိကာ မြစ်ငါး၊ ပင်လယ်ငါးအပါအဝင် ငါးအမျိုးအစားအများအပြားတွင် ဈေးနှုန်းမြင့်တက်နေသည်။ သို့သော် တီလာဗီးယား၊ ငါးပုတ်သင်၊ ငါးတန်များကဲ့သို့သော ငါးအချို့မှာတော့ ပုံမှန်ဈေးနှုန်းဖြင့် ရနိုင်သေးသည်။



