မေလ(၁၅)ရက်နေ့က ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့ပေါ် ၄ ရပ်ကွက်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်ကူညီခဲ့ပါတယ်။



