၂၀၂၅ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက စစ်ကိုင်းမြို့ရှိ မင်းလမ်းရပ်ကွက်၊ ပိုးတန်းရပ်ကွက်၊ မိုးဇာရပ်ကွက်၊ တကောင်းရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက် များတွင် နေထိုင်သော ငလျင်ဘေးသင့် အိမ်ထောင်စု (၂၄၀) စု အတွက် အိမ်ထောင်စု (၁)စုလျှင် ဆန် (၁၂) ပြည်၊ သွပ်ပြား (၂၀)ချပ်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ တာပေါ်လင်၊ သောက်ရေပုံး(၁၀လီတာ)၊ မွေးကင်းစကလေးသုံးပစ္စည်း၊ ကလေးသူငယ်များစိတ်ပိုင်းဆိုင်ရာအားပေးကူညီသည့်အိတ်၊ မီးဖိုချောင်သုံးပစ္စည်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းနှင့် လက်သမားသုံးပစ္စည်း တို့ကို သတ်မှတ်ချက်နှင့်အညီ ပေးဝေခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက စစ်ကိုင်းမြို့ရှိငလျင်ဘေးသင့် အိမ်ထောင်စု (၂၄၀) စု အတွက် ထောက်ပံ့ကူညီခဲ့
May 16 • 1:50 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


