မေလ(၁၅)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်နှင့် ညောင်ခွဲရပ်ကွက်ရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၅၉၉) စု အတွက် အိမ်ထောင်စု (၁)စုလျှင် ဆန် (၁၂) ပြည်၊ စောင် ၊ ခြင်ထောင်နှင့် Jerry Can တို့ကို ထောက်ပံ့ပေးဝေခဲ့ပါတယ်။ထောက်ပံ့ရာတွင် အလုပ်အမှုဆောင် များ၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ နှင့် Myanmar POSCO C&C မှ တာဝန်ရှိသူများသည် ငလျင်ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါတယ်။အမရပူရမြို့နယ်၊ တောင်သမန်အင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းက အများပြည်သူအတွက် ဖြန့်ဝေပေးနေသောသောက်သုံးရေ ထုတ်လုပ်နေမှုတို့ကိုကြည့်ရှုခဲ့ကြပါတယ်။
May 16 • 1:48 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


