ရန်ကုန်နှင့် မန္တလေးရှိ စက်မှုဇုန်များအတွက် ဓာတ်အားဖြန့်ဝေရန် သီလဝါနှင့် သာကေတ LNG ဓာတ်အားပေးစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယခုအချိန်တွင် တစ်ရက်လျှင် လိုအပ်သည့် ၃,၄၀၀ မဂ္ဂါဝပ်ထဲမှ ၂,၃၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သဖြင့် ဝန်အားလျှော့ချမှုများ ဆောင်ရွက်နေရပြီး၊ LNG သယ်ဆောင်သည့် သင်္ဘောများလည်း သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်နေပြီဖြစ်ကြောင်း သိရသည်။



