ထိုင်းလိဂ်(၁)ကလပ် အူထိုင်းဌာနီအက်ဖ်စီအသင်းတွင် ပါဝင်ကစားနေသည့် မြန်မာတိုက်စစ်မှူး အောင်သူမှာ စာချုပ်သက်တမ်းပြည့်ပြီဖြစ်သဖြင့် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ယနေ့ မေလ (၁၅) ရက်တွင် အသင်းက အသိပေးထားသည်။ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအပြီး အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကာ အသင်း၌ ပါဝင်ကစားနေစဉ်ကာလအတွင်း ပရော်ဖက်ရှင်နယ်ဆန်မှုအပေါ် ကျေးဇူးတင်ကြောင်း အသိ ပေးချက်တွင် ထည့်သွင်းပြောကြားထားသည်။



