back

ရေးမြို့နယ်တွင် နေအိမ်အတွင်းရှိ လင်မယားနှစ်ဦးကို လူ ၅ ဦးမှ ဝင်ရောက်ရိုက်နှက်

May 15 • 3:37 PM

breaking-news

မြန်မာ

မွန်

cover

ရေးမြို့နယ်တွင် နေအိမ်အတွင်းရှိ လင်မယားနှစ်ဦးကို လူ ၅ ဦးမှ ဝင်ရောက်ရိုက်နှက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်‌ကျေးရွာရှိ နေအိမ်တွင်မေလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ဦးလင်း အသက် (၆၀)နှင့် ဇနီးဖြစ်သူ ဒေါ်ရှု အသက် (၅၅)တိုကို အရပ်ဝတ်ဝတ်ဆင...

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်‌ကျေးရွာရှိ နေအိမ်တွင်မေလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ဦးလင်း အသက် (၆၀)နှင့် ဇနီးဖြစ်သူ ဒေါ်ရှု အသက် (၅၅)တိုကို အရပ်ဝတ်ဝတ်ဆင်ကာ မျက်နှာအုပ်ထားသည့် လူ ၅ ဦးတို့မှ ဝင်ရောက်ရိုက်နှက်ခဲ့သည်။နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းတို့ကို ယူဆောင်ခြင်းမပြုဘဲ လင်မယားနှစ်ဦးကို ရိုက်နှက်ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ကြောင်း မော့ကနင် ရွာခံတစ်ဦးက ဆိုသည်။အဆိုပါအမည်မသိလူ ၅ ဦးတို့သည် အသင့်ယူဆောင်လာသည့် တုတ်ပိုင်းနှင့်အတူ ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး အသက်အလတ်ပိုင်း အရွယ်လူများဖြစ်သည်ဟု ဆက်ပြောသည်။



news-view-count-icon

16