back

မြန်မာနိုင်ငံရဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)အရ အကောက်ခွန်နှုန်း လျှော့ချမှု စတင်အသက်ဝင်

May 15 • 11:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံရဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)အရ အကောက်ခွန်နှုန်း လျှော့ချမှု စတင်အသက်ဝင်

မြန်မာနိုင်ငံရဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)အရ မြန်မာနိုင်ငံနဲ့ တရုတ် ၊ ထိုင်းအပါအဝင် နိုင်ငံ ၉ နိုင်ငံတို့အကြား အကောက်ခွန်နှုန်းလျှော့ချမှ...

မြန်မာနိုင်ငံရဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)အရ မြန်မာနိုင်ငံနဲ့ တရုတ် ၊ ထိုင်းအပါအဝင် နိုင်ငံ ၉ နိုင်ငံတို့အကြား အကောက်ခွန်နှုန်းလျှော့ချမှုအစီအစဉ် စတင်အသက်ဝင်ပြီ ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ မြန်မာနိုင်ငံနဲ့ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေအကြား စာချုပ်အပြန် အလှန် အသက်ဝင်ပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း တင်သွင်းလာမယ့် ကုန်ပစ္စည်းတွေအတွက် အကောက်ခွန်လျှော့နှုန်း ခံစားမယ်ဆိုရင် IDA Screen မှာ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းရမှာဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာန ကလည်း ကြေညာထားပါတယ်။ဒီကုန်သွယ်မှုသဘောတူစာချုပ်ကို မြန်မာနိုင်ငံက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ RCEP အဖွဲ့ဝင်နိုင်ငံတွေကို ပို့ကုန်တင်ပို့မယ်ဆိုရင် ကုန်စည်လိုင်းအားလုံးရဲ့ ၆၅ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့် ရရှိမယ်လို့ ဆိုပါတယ်။RCEP အဖွဲ့ဝင်နိုင်ငံတွေက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို ပို့ကုန်တင်ပို့ရင်တော့ ကုန်စည် လိုင်းအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းသာ ကင်းလွတ်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ဒါ့အပြင် စာချုပ်အာဏာသက်ဝင်ပြီး ၁၀ နှစ်အကြာမှာ ကျန်အဖွဲ့ဝင်နိုင်ငံတွေက ကုန်စည်လိုင်းစုစုပေါင်း ရဲ့ ၈၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ပြုရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံက ၁၅ နှစ်အကြာမှသာ အခွန်ကင်းလွတ်ခွင့် ပြုရမယ်လို့ သိရပါတယ်။



news-view-count-icon

22