back

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

May 15 • 10:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင်ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်းမပြု...

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင်ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။အလားတူ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန်လိုအပ်ကြောင်းလည်း အသိပေးထားသည်။အကယ်၍ ကောက်ခံခြင်းပြုပါက ညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားနိုင်ပြီး ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။




news-view-count-icon

28