ဗြိတိန်နဲ့ဂျာမနီတို့ပူးပေါင်းပြီး အကွာအဝေး ကီလိုမီတာ ၂၀၀၀ ထက် ကျော်လွန်အောင်ပစ်လွှတ်နိုင်တဲ့ လက်နက် သစ်ကို ပူးတွဲတီထွင်မယ်လို့ ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂမှာ စီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နဲ့ ဂျာမနီတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက ကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ယူကရိန်းစစ်ပွဲ အရှိန်မြှင့်လာတာကို ခုခံကာကွယ်နိုင်ရေးဟာ ဥရောပအတွက် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။



