တရုတ်နိုင်ငံသည် ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူးနှင့် ဥရုဂူအေးနိုင်ငံသားများအတွက် ဗီဇာမလိုဘဲ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ခွင့်ပြုလိုက်ကြောင်း ယနေ့ (မေ ၁၅ ရက်) တွင် ကြေညာခဲ့သည်။ ဤဗီဇာကင်းလွတ်ခွင့် အစီအစဉ်သည် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ စမ်းသပ်ကာလအဖြစ် အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါ ကာလအတွင်း အဆိုပါ နိုင်ငံများမှ နိုင်ငံသားများသည် ရက်ပေါင်း ၃၀ အထိ တရုတ်နိုင်ငံတွင် ဗီဇာမလိုဘဲ နေထိုင်နိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်က ဤအစီအစဉ်သည် တရုတ်နိုင်ငံနှင့် တောင်အမေရိက နိုင်ငံများအကြား ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် လူမှုရေး ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ဗီဇာကင်းလွတ်ခွင့်သည် ကုန်သွယ်ရေးလုပ်ငန်းများ၊ ခရီးသွားများ၊ မိသားစုနှင့် မိတ်ဆွေများအား လည်ပတ်လိုသူများအတွက်သာမက ယဉ်ကျေးမှု ဖလှယ်ရေးနှင့် အခြားသော ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအတွက်လည်း အကျုံးဝင်မည်ဖြစ်သည်။
May 15 • 9:20 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


