အဆိုတော်ပန်းရောင်ခြယ်ဟာအမေရိကန် Los Angeles မြို့မှာ ကျင်းပခဲ့တဲ့Gold Gala ပွဲကို ပထမဦးဆုံး မြန်မာအနုပညာရှင်တစ်ဦးအနေနဲ့ တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ နိုင်ငံတကာက အနုပညာရှင်တွေကို မျက်ဝါးထင်ထင် ပြင်ပမှာ မြင်တွေ့နှုတ်ဆက် အမှတ်တရ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံသားဖြစ်တာကြောင့် သူမဟာ မြန်မာဝတ်စုံကို ဝတ်ပြီးတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။



