back

ကျောင်းအလှူငွေ ဘတ်သန်း ၃၀၀ ကို အွန်လိုင်းဖဲရိုက်ပစ်သည့် ထိုင်းနာမည်ကြီးဘုန်းတော်ကြီး ဖမ်းဆီးခံရ

May 15 • 8:40 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကျောင်းအလှူငွေ ဘတ်သန်း ၃၀၀ ကို အွန်လိုင်းဖဲရိုက်ပစ်သည့် ထိုင်းနာမည်ကြီးဘုန်းတော်ကြီး ဖမ်းဆီးခံရ

ထိုင်းတစ်နိုင်ငံလုံးမှ လှူဒါန်းမှုများစွာ ရရှိနေသော နခွန်ပသွမ်ခရိုင်ရှိ နာမည်ကြီး ရိုင်ခင်ဘုန်းတော်ကြီးကျောင်းမှ ကိုးကွယ်သူများလှသည့် သက်တော် ၇၀ ရှိဆရာတော်မှာ က...

ထိုင်းတစ်နိုင်ငံလုံးမှ လှူဒါန်းမှုများစွာ ရရှိနေသော နခွန်ပသွမ်ခရိုင်ရှိ နာမည်ကြီး ရိုင်ခင်ဘုန်းတော်ကြီးကျောင်းမှ ကိုးကွယ်သူများလှသည့် သက်တော် ၇၀ ရှိဆရာတော်မှာ ကျောင်းပိုင် အလှူငွေများကို အွန်လိုင်းလောင်း ကစားလုပ်ခဲ့မှုဖြင့် မေ ၁၅ ရက်၌ ၀ရမ်းထုတ် ဖမ်းဆီးခံခဲ့ရသည်။ဆရာတော်အမည်မှာ ဓမ္မရာချီဝါနူဝပ်ဖြစ်ပြီး မေ ၁၅ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဘန်ကောက်ရှိ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) မှ ဖမ်း၀ရမ်းထုတ်ပြီးနောက် မွန်းလွဲပိုင်းတွင် CIB မှ ရဲမှူးချုပ် ပန်ကရူး၊ CIB လက်ထောက် ရဲမင်းကြီး ဆရီပရာဆပ်ပပ်နှင့်အခြားသော ထိပ်တန်းစုံစမ်းထောက်လှမ်းရေးဗျူရို အရာရှိများ လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။


news-view-count-icon

25