မော်ဒယ်၊သရုပ်ဆောင်မိုးစက်ဝိုင်က နာမည်ကြီး Labubu အရုပ်တွေ လက်ဆောင်ရခဲ့တာကြောင့် ယောင်းမလေးကစ်ကစ်ကို ကျေးဇူးတင်စကားပြောထားတာဖြစ်ပြီးသရုပ်ေဆာင်ဝတ်မှုန်ရွှေရည်ဟာ မိုးစက်ဝိုင်ရဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ နိုင်ဖြိုးကျော်နဲ့ ထိမ်းမြားလက်ထပ်ထားတာကြောင့် အကြီးဆုံးယောင်းမလေးလို့ ခေါ်ဝေါ်သုံးနှုန်းထားတာလည်းဖြစ်ပါတယ်။သူမတို့ သမီးယောင်းမနှစ်ဦးဟာ နေထိုင်ကြတဲ့နိုင်ငံချင်းမတူညီကြတာမို့ အမြဲတွေ့ဆုံတာမျိုး တွေ့ရလေ့မရှိတတ်တာလည်းဖြစ်ပါတယ်။



