back

ရန်ကုန်နှင့် မန္တလေးတို့ရှိစက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ

May 15 • 7:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်နှင့် မန္တလေးတို့ရှိစက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ

းရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လျ...

းရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေသည်ဟု လျှပ်စ်စွမ်းအားဝန်ကြီးဌာနက ပြောပါတယ်။ ဖြန့်ဖြူးပေးနိုင်ရန် ကာလတိုအနေဖြင့် သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံးဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသလိုမြန်မာနိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈)မဂ္ဂါဝပ်ရှိပြီး လက်ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့် လိုအပ်သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှု ဆောင်ရွက်နေကာ ထုတ်လုပ်နိုင်သော လိုအပ်ချက်၏ (၅၀) ရာခိုင်နှုန်းအား ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ (၅၂)ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၁) ရာခိုင်နှုန်းဖြင့် အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေကြောင်းလည်း ပြောကြားထားပါတယ်။


news-view-count-icon

18