back

ပြည်တွင်း၌ မြေလွတ်မြေရိုင်း အာမခံကြေးများ ပြင်ဆင်သတ်မှတ်နေ

May 15 • 7:12 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ မြေလွတ်မြေရိုင်း အာမခံကြေးများ ပြင်ဆင်သတ်မှတ်နေ

ပြည်တွင်း၌မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်အတွက် ပေးသွင်းရတဲ့ အာမခံကြေးတွေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး...

ပြည်တွင်း၌မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်အတွက် ပေးသွင်းရတဲ့ အာမခံကြေးတွေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ မြေယာမဲ့နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံး ပြုခွင့်ပေးထားတာဖြစ်ကာအဲဒီမြေတွေမှာ လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိသူက လုပ်ငန်းအမျိုးအစားအလိုက် အာမခံကြေးပေးသွင်း ရမှာပါ။ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်းနဲ့ အစိုးရ ခွင့်ပြုထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ အခြားလုပ်ငန်း စုစုပေါင်း အမျိုးအစား လေးမျိုးအတွက် လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့် ပေးထားရာအခု ပြင်ဆင်သတ်မှတ်ချက်အရ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဧက ၅၀ အောက်ဆိုရင် တစ်ဧကကို ကျပ် ငါးထောင်၊ မြေဧက ၅၀ အထက်ဆိုရင် တစ်ဧကကို ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။လက်ရှိမှာ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေ လုပ်ကိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိထားတဲ့ ဧကပေါင်း ၁၁ သိန်း ၅ သောင်း ကျော်ရှိတယ်လို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

news-view-count-icon

46