back

တနင်္သာရီတိုင်းဒေသကြီးတွင် တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ ကိုးစင်းဖမ်းမိခဲ့

May 15 • 3:50 AM

breaking-news

မြန်မာ

တနင်္သာရီ

breaking-news
cover

တနင်္သာရီတိုင်းဒေသကြီးတွင် တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ ကိုးစင်းဖမ်းမိခဲ့

မေလ၁၃ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခ...

မေလ၁၃ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ ကိုးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၅၀၀,၀၀၀) ကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ထားဝယ်ခရိုင်အတွင်း၌ တရားမဝင် အခြား သစ် ၁၀ တန်နှင့် ဆက်စပ်ပစ္စည်းလေးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၄၀,၀၀၀ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၄၄၀,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

1