back

အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ဝင်ရောက်မှုများတွင်ပါဝင်သည့် နိုင်ငံခြားသားများ ပြည်နှင်လွှဲပြောင်းဆောင်ရွက်

May 15 • 2:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ဝင်ရောက်မှုများတွင်ပါဝင်သည့် နိုင်ငံခြားသားများ ပြည်နှင်လွှဲပြောင်းဆောင်ရွက်

မေလ ၁၄ ရက်တွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ ဦးအား မြန်မာ-ထိုင်းအမှတ်(၂) ချစ်က...

မေလ ၁၄ ရက်တွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ ဦးအား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့အပြင် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများမှ တရားမဝင်လမ်းကြောင်းများအား အသုံးပြုပြီး ဝင်ရောက်လာသော ပြည်ပနိုင်ငံသား ၁၁ ဦးကိုလည်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ မှ မေလ ၁၄ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉,၀၇၀ ဦးအား ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၎င်းထဲမှ ၈,၂၂၂ ဦးကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပြည်နှင်ပေးပြီးဖြစ်သည်။ ကျန်ရှိသည့် ၈၄၈ ဦးအတွက်လည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။


news-view-count-icon

13