အစိုးရအေဂျင်စီ ၈ ခုမှ ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်ထံ ဒေါ်လာ ၂ . ၂ ဘီလီယံ ထောက်ပံ့ကြေးများ ပြန်လည်သိမ်းဆည်း ဖြတ်တောက်ထားပြီးသည့်ကြားမှ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် မေ ၁၃ ရက်တွင် နောက်ထပ် ထောက်ပံ့ကြေး ဒေါ်လာသန်း ၄၅၀ ကို ထပ်မံဖြတ်တောက်လိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ထိုဖြတ်တောက်မှုများကို တက္ကသိုလ်ဘက်မှ လက်မခံဘဲ ပြန်လည်တရားစွဲမှုများ လုပ်ဆောင်ရာ တွင်လည်း ကျရှုံးမှုများစွာ ကြုံနေရပြီး ထိုသို့ လက်မခံနိုင်ဘဲ တုံ့ပြန်နေမှုများကြောင့် နောက်ထပ် ဒေါ်လာသန်း ၄၅၀ ထောက်ပံ့ကြေးများ ထပ်မံ ဖြတ်တောက်လိုက်ကြောင်း ထရမ့် အစိုးရအဖွဲ့က စာထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ကြေး ဒေါ်လာ ၂ . ၂ ဘီလီယံ ဖျက်သိမ်းထားသည့် ဟားဗက်တက္ကသိုလ်ကို နောက်ထပ်ထောက်ပံ့မှု ဒေါ်လာသန်း ၄၅၀ ဒေါ်နယ်ထရမ့် ထပ်မံဖြတ်တောက်
May 15 • 1:48 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 9 | 0 | 0 | 0 |


