တရုတ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး သဲကန္တာရဖြစ်သော တန်ဂရီသဲကန္တာရ တောင်ဘက်စွန်းရှိ ပါးပုဆားသဲပင်လယ်တွင် သစ်ပင်များစိုက်ပျိုးကာ အပင်ဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းနှင့်အထက်ရှိစေရန် ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့ကြကြောင်း သိရသည်။အဆိုပါ သစ်ပင်စိုက်ပျိုးမှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အဘိုးအို ၆ ယောက် ဦးဆောင်သောမျိုးဆက်သုံးဆက်မှ နှစ်ပေါင်း ၄၀ ကျော်အကြာ ကြိုးစားလေ့လာခဲ့ပြီး အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။



