ရိုက်တာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုဟာ အခုသီတင်းပတ်ထဲမှာ အနည်းငယ် ပြန်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးကို ကိုင်တွယ်ပုံနဲ့ စီးပွားရေးကျဆင်းမယ့် အလားအလာတွေအပေါ် စိုးရိမ်မှု လျော့ကျသွားတဲ့အတွက် ထောက်ခံမှု ပြန်မြင့်တက်လာတာပါ။မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအတွင်း ဒေါ်နယ်ထရမ့်ရဲ့ စွမ်းဆောင်ရည်ကို ထောက်ခံသူ ၄၄ ရာခိုင်နှုန်းရှိလာပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ထရမ့်ကို ထောက်ခံသူ ၄၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ထရမ့်ရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ ကိုင်တွယ်မှုအပေါ် ထောက်ခံမှုနှုန်းကလည်း အရင်က ၃၆ ရာခိုင်နှုန်း ရှိရာကနေ နောက်ဆုံးစစ်တမ်းမှာ ၃၉ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။
| 7 | 0 | 0 | 0 |


