Changan Automobile သည် ထိုင်းနိုင်ငံတွင် ၎င်း၏ လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံ တရားဝင်ဖွင့်လှစ်ခြင်း မပြုမီ ဗုဒ္ဓဟူးနေ့ (မေ ၁၄)တွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံခဲ့သည်။ထိုင်းတွင် နည်းပညာနှင့် အင်ဂျင်နီယာစင်တာ ထူထောင်ရန်နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ရန်အတွက် ကုမ္ပဏီ၏ ဒေသဆိုင်ရာရုံးကို ချုံကင်းမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။Changan Automobile သည် တရုတ်နိုင်ငံတွင် အကြီးဆုံး ကားထုတ်လုပ်ရေးလုပ်ငန်း လေးခုအနက်မှ တစ်ခုဖြစ်သည်။ထိုင်းဈေးကွက်သို့ ၂၀၂၃ တွင် စတင်ဝင်ရောက်ခဲ့သည်။ပြည်တွင်းရောင်းချမှုနှင့် ပြည်ပသို့ တင်ပို့ရန်အတွက် ယာစတီယာရင် အီးဗီများကို ထုတ်လုပ်မည့် စက်ရုံအသစ်အတွက် ထိုင်းကို ရွေးချယ်ခဲ့သည်။
May 15 • 1:36 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 11 | 0 | 0 | 0 |


